Showing posts with label Hardware. Show all posts
Showing posts with label Hardware. Show all posts

Saturday, August 6, 2016

မိုဘိုင်း Hardware သမားတွေအတွက် ဆောင်ထားသင့်မည့် Application များစုစည်းမူ !


မိုဘိုင်း Hardware သမားတွေအတွက် ဆောင်ထားသင့်မည့်
 Application  များကို စုစည်းပြီ တင်ပေးလိုက်ပါတယ်။
မိုဘိုင်း Hardware သမားတွေအတွက် အသုံးပြု ဆောင်ထားလို့လျှင် အောက်မှာ
 မိမိ နှစ်သက်ရာ Application  တွေကို စိတ်တိုင်းကျ ဒေါင်းယူနိုင်ပါတယ်...!

Hardware information is categorized into:
– Device: Model, Manufacturer, Chipset, Build Number and Android OS version.
– System: CPU architecture, Board, Number of Cores, Clock Speed, CPU Features, Governor and Kernel information. As well as current CPU Utilization, Total running processes, and clock frequency of each core.
– Memory: Total and available RAM, as well as Storage information about your device.
– Camera: Detailed information about the primary and secondary camera in your phone. Along with supported resolutions, focus modes and AntiBanding modes.
– Thermal: Internal temperature of your Smartphone.
– Battery: Health, current level, power source, temperature, voltage.
– Sensors: All the sensors in your device with real-time testing.



Phone INFO ★Samsung★ v3.4.6 Apk



CPU Hardware and System Info1.9  Apk



CPU X System Hardware info-v1.57 Apk



Android Hardware Info-4.2.6 Apk



Smart System Info-v1.3  Apk



Phone Test (Hardware) Apk



CPU Z-v1.20  Apk



AIDA64 -v1.40 Apk


အဆင်ပြေကြပါစေ။



♦♦♦♦♦

Power Ic ကောင်း/မကောင်းကို အကြမ်းဖျင်းစစ်မယ်



Power Ic ကောင်း/မကောင်းကို ဒီ Volt ထွက်လေးတွေ တိုင်းပြီး အကြမ်းဖျဉ်း စစ်လို့ရတယ်
U Zaw Win Htut
♦♦♦
မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

Wednesday, August 3, 2016

Mic အကြောင်း အပြ ည့်အစုံ 4pin Digital Mic မှ 2Pin Mic ပြောင်းနည်း

circuit board ပြားပေါ်က mic နေရာမှာတိုင်းတာကြည့်ရင်
ရိုးရိုးmic ဆိုရင် တစ်ခုက connection ပြမယ် တစ်ခုက
Gnd ကျနေမယ် အဲ့လိုဆို တစ်ခုက mic + လမ်းကြောင်း ,
Gnd ကျနေတဲ့တစ်ခုက Mic- လမ်းကြောင်းပေါ့
အဲ့လို မဟုတ်လား -ဟုတ်ပါတယ် .. အဲ့လိုပါ ဆိုရင်တော့
 အောက်က စာကို နဲနဲလေး ဆက်ဖတ်ကြည့်ပါ

🇹🇼connection ပြနေတဲ့လမ်းကြောင်းက Mic+ လမ်းကြောင်းတော့ 
ဟုတ်တယ် Gnd ကျနေတဲ့ ငုတ်က Mic – လမ်းကြောင်း မဟုတ်ဘူးဗျ 
အဲ့ငုတ်က ကိုယ်တပ်မယ့် mic အလုပ်လုပ်ဖို့ အတွက် Gnd ချပေးထားတာ 
pm ic သို့မဟုတ် CPU ထဲကို Audio Frequency ပို့ပေးမယ့် လမ်းကြောင်း 
မဟုတ်ပါဘူး Mic negative လမ်းကြောင်းကို ခဏမေ့ထားပြီး Mic 
အလုပ်လုပ်ပုံအကြောင်းကို ကြည့်ကြည့်ရအောင်…
1. Mic-BIAS
2.Mic +(positive)
3.Mic-(negative)
🇹🇼#Mic_BIAS ဆိုတာ CPU ဒါမှမဟုတ် Power ic ကနေပြီးတော့ 
Mic အသုံးပြုမယ့် အချိန်ကျမှ Mic အလုပ်လုပ်ဖို့ရာ အတွက်
Mic ကိုVolt ထုတ်ပေးတဲ့ လမ်းကြောင်းပါလို့ အကြမ်းဖျဉ်း
သိထားရပါမယ် ဖုန်းရဲ့ touch screen ကနေပြီးတော့
ကိုယ်ဘာနှိပ်လိုက်သလဲ ဘာခိုင်းလိုက်သလဲဆိုတာ
Touch နဲ့ဆိုင်တဲ့ SCL , SDA လမ်းကြောင်းတွေကတဆင့် CPU က 
သိတယ် သီချင်းဖွင့်လိုက်တယ်ဆိုရင် ကိုယ်ဖွင့်လိုက်တဲ့
သီချင်းနဲ့ သက်ဆိုင်တဲ့ Audio Data ကို CPU ကနေ Audio Amp ကို
ပို့ပေးမယ် ဖုန်းခေါ်လိုက်တယ်ဆိုရင် Rf ic ကို TX လှိုင်းလွှင့်ထုတ်ခိုင်းမယ်
.. အဲ့လိုပဲ ဖုန်းခေါ်လိုက်တယ် 
recording လုပ်လိုက်တယ်ဆိုတာနဲ့ Mic အလုပ်လုပ်ဖို့ရာ အတွက်
လိုအပ်တဲ့ Voltage ကိုလဲ ထုတ်ပေးလိုက်တယ် Mic ကို အမြဲတမ်းကြီး
Volt ရောက်မနေဘူး ဖုန်းခေါ်တဲ့ အချိန် , recording လုပ်တဲ့ အချိန်မှာပဲ
Mic ကို volt ရောက်ပါတယ် 
အဲ့ဒီ့ volt ကို Mic-BIAS လမ်းကြောင်းကနေပေးပါတယ်

🇹🇼Mic+(positive) , Mic(negative) ဆိုတာ ခုနက BIAS
လမ်းကြောင်းကနေ ohm တန်ဖိုးရှိတဲ့ Resistor နှစ်လုံးခံပြီး
Mic ဆံကို Volt ပေးလိုက်တော့ Mic စပြီး အလုပ်လုပ်ပြီပေါ့
Micအလုပ်က ဘာလဲ ဘေးနားက အသံတွေကို ဖမ်းယူပေးတဲ့
အလုပ်ကို လုပ်တယ် အဲ့ဒီ့ ဖမ်းယူရရှိတဲ့ Audio Frequency တွေကို
Mic + လမ်းကြောင်း နဲ့ Mic – လမ်းကြောင်းကနေတဆင့် CPU Ic
ထဲကို Coupling Capacitor တစ်လုံးစီခံပြီး ပို့ဆောင်ပေးတယ်
Coupling ဘာလို့ခံထားရလဲဆိုတာတော့ မပြောတော့ပါဘူးနော်
Child play တွေမဟုတ်လား 😂😂😂

🇹🇼အောက်ကပုံကို ကြည့်မယ်ဆိုရင် Mic+ , Mic -လမ်းကြောင်းကို 
အရင် မကြည့်ပါနဲ့ ဖုန်းခေါ် Recording လုပ်ပြီဆို BIAS လမ်းကြောင်းကနေ 
Mic အလုပ်လုပ်ဖို့ Volt ကို R နှစ်လုံးခံပြီး Mic ဆံကို Volt ပေးမယ် Mic 
အလုပ်လုပ်ရင် ဘေးက အသံတွေဖမ်းမယ် ရလာတဲ့ အသံတွေကို Mic + နဲ့
 – လမ်းကြောင်းကနေ Cpu ကို ပို့မယ် မရှင်းဘူးလား

🇹🇼အလုပ်လုပ်ပုံတော့ သိပါပြီ Mic မရရင် ဘယ်လိုပြင်ရမလဲ Mic မရတဲ့
 ပြစ်ချက်ရဲ့ 50% က Mic ဆံပျက်တာ 30%က BIAS Voltage မထွက်တာ 
10%က Mic +, – လမ်းကြောင်းပျက်တာ , ကျန်တဲ့ 10% က သူငယ်နာ
 ပြန်သာပေးလိုက် ပြင်မနေနဲ့ 😜😜😜

သီအိုရီ ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက် နားလည်ထားလဲ 
ဆိုတဲ့အချက်ပေါ် အများကြီး မူတည်ပါတယ် အောင်မြင်ကြပါစေ ခင်ဗျ


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif

Huawei Y210 SD Card error

SD card ထည့်မှ SD Card slot ရဲ့ အခြေမှာရှိတဲ့ deceted pin Ground ကျပြီး power ic အထွက် VREG S3 ကလာတဲ့ 1.8 volt ထွက်နေတဲ့ Resistor လေးတစ်လုံးက 0 volt ပြောင်းသွားပါတယ် အဲ့လိုပြောင်းသွားမှသာ Memory card ဖတ်ဖို့ရာအတွက် အလုပ်လုပ်ပေးမဲ့ TF Card (U1402) ic အတွက် လိုအပ်တဲ့ 2.8 voltage ကို power ic ကနေ VREG L13 မှတဆင့် ထုတ်ပေးပါတယ်
img_4747

U Zaw Win Htut


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif

Dc/Dc Converter တွေကို ဘယ်လိုနေရာမျိုးတွေမှာ ဘာအတွက်သုံးထားတာလဲ Jumper ပြုလုပ်ခြင်း၏ အကောင်း နှင့် အဆိုး

Jumper ကြာခဲ့ပါပြီ.. မှတ်မှတ်ရရ note2 clone sim ကဒ်မဖတ်တာလေး 
vcc volt ပျောက်နေလို့ sensor နားက volt ကိုဆွဲယူပြီး ကျွေးကြည့်ပါတယ် 
sim တော့ ဖတ်သွားတယ် ဒါပေမယ့် logo မှာအကြာကြီးလည်နေတယ် 
volt ဆွဲကျွေးထားတဲ့ ကြိုးလဲ ဖြုတ်လိုက်ရော ပုံမှန်အတိုင်းပဲ logo မှာ
ကြာမနေတော့ဘူး အဲ့ဒါနဲ့ နောက်တစ်ခါ touch socket နားက 
volt ယူကျွေးကြည့်တယ် sim card ဖတ်ပေမယ့် touch မရတော့ဘူးခင်ဗျ 
ကြိုးပြန်ဖြုတ်ပေမယ့်လဲ touch ကဆွဲမရတော့ဘူး ပုံမှန်ဆို power ic နားက 
output 2.8 ကနေ ဆွဲယူကျွေးသင့်ပေမယ့် သံဖုံးအသေတွေ ဖြုတ်ရမှာ 
ပျင်းတဲ့အတွက် ရော်လိုက်ရကြောင်းပါ 
♦️ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက ခု post တွေ အတော်များများမှာ
 တွေ့နေရပါတယ် ဘယ်ကနေ jumper ကျွေးလိုက်တာ 
ဘယ်လမ်းကြောင်းကနေ volt ဆွဲကျွေးလိုက်တာ စသည်ဖြင့်ပေါ့
jumper ကြိုးကျော်တယ်ဆိုတာ ကိုယ်ပြင်လိုက်တဲ့ ဖုန်းတစ်လုံး
 ရေရှည်ကောင်းမွန်ဖို့အတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းတစ်ခုရော 
ဟုတ်ရဲ့လား…ပတ်လမ်းကြောင်းတစ်ခု ပြတ်တောက်သွားလို့
 ကြိုးကျော်ခြင်းကိုတော့ မဆိုလိုပါဘူး ခင်ဗျ ..
ဥပမာ Dc to Dc converter တွေ ပျက်တဲ့အခါ VPH volt အဝင်ကနေ 
dropped components တစ်ခုသုံး volt လျှော့ပြီး သက်ဆိုင်ရာ Ic အဝင်ကို 
ကြိုးဆက်ကြတယ် ဘာလို့ Dc to Dc Converter က ထည့်ထားတာလဲ 
ဘယ်နေရာမှာ လိုအပ်လို့လဲ 
♦️ဟုတ်ကဲ့ပါ.. Dc to Dc ဆိုတာ volt လျှော့ပေးရုံသက်သက်မဟုတ်ပဲ
(တချို့ model တွေမှာ volt လျှော့မပေးပါဘူး )အရမ်းလိုအပ်လွန်းလို့ 
ထည့်ထားတာပါ ဥပမာ camera အတွက် Dc to Dc တစ်လုံးကိုပဲ ကြည့်ပါ 
ပုံမှန် ဖုန်းအသုံးပြုနေချိန် camera application icon ကို tap မနှိပ်သေးသရွေ့ camera ကို အသုံးမပြုသေးသရွေ့ camera အလုပ်လုပ်ဖို့အတွက် 
voltage ကို Dc to Dc က ထုတ်မပေးပါဘူး Camera ကို အသုံးပြုပြီဆိုမှ 
CPU ic မှတဆင့် အာရုံခံပြီး Dc to Dc ရဲ့ On ငုတ်ကို လှမ်းဖွင့်ပေးမှသာလျှင် 
camera အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ voltage ကို Vph power မှတဆင့် 
Dc to Dc ic မှ dropped လုပ်ပြီး ထုတ်ပေးပါတယ် အမြဲတမ်းကြီး 
Volt ရောက်မနေပါဘူး
♦️huawei c8813 ရဲ့ network ပိုင်းက PA Ic ကို လေ့လာကြည့်မယ်ဆိုရင် 
ဖုန်းလိုင်းသိပ်မမိတဲ့နေရာမှာ PA Ic က အပြည့်အဝ အလုပ်လုပ်ပါ , 
ဖုန်းလိုင်းမိနေတဲ့နေရာမှာ PA Ic အနားယူပါ အစရှိတဲ့ command တွေကို 
CPU , RF , U6302 ic တွေကနေတဆင့် Logic control 3 လိုင်းနဲ့ 
ထိန်းချုပ်ထားတာပါ …… မထိန်းချုပ်ဘူး PA Ic က အမြဲအလုပ်လုပ်နေရင်ရော
ဘာဖြစ်မလဲ ? Coolpad 5108, 5109 model တွေကိုလေ့လာကြည့်ပါ 
C8813 လိုမျိုး PA Ic ကို အနားပေးတဲ့ စနစ်ပါမလာတော့ တခုခုဆို 
PA Ic အတော် အပျက်များပါတယ် လိုင်းမတတ်လဲ PA ပဲ , power မလာ 
shock ကျလဲ PA Ic ပဲ ပြင်ဖူးတဲ့ ဆရာတွေ သိမှာပါ 
♦️အခုလို Dc to Dc တွေပျက်တာကို အစားမထိုးပဲ ကြိုးကျော်သုံးနေရင် 
ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပေါ့ဗျာ …

U Zaw Win Htut
https://zawmobilephonetraining.wordpress.com/
မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif

Huawei G610-U00 Main Camera

img_4748
https://zawmobilephonetraining.wordpress.com/


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif

Sunday, July 31, 2016

Friday, July 29, 2016

G610 Touch jumper way


G610 Touch jumper way မသိသေးတဲ့ညီငယ်များအတွက် ရှာဖွေပြီးတင်ပေးလိုက်ပါတယ်



                                                                  မိုလ်ဘိုင်းဖုန်း ညီအကိုများ



Samsung GT- c3520i Network error way


GT- c3520i sim သိပြီး ဖုန်းခေါ်လို့ မရတဲ့ network error ကိုလက်တွေ ပုံနှင့်တကွရှင်းပြထားပါတယ်




MMK KO ZAW
မိုလ်ဘိုင်းဖုန်း ညီအကိုများ

Wednesday, July 27, 2016

SM-G361 HU/DS (SD card - HOME) Error




Samsung Galaxy Core Prime Model SM-G361 HU/DS 
ဆိုင်သမားပြင်လုံးလေးပေါ့ SD card မဖတ်တာရယ် HOME မရတာရယ် 
လာပြတာ ထုံစံအတိုင်းပေါ့ ခွဲစိတ်ပါရဂူ တွေလို လူနာအခြေအနေ
အရင်စစ်ဆေးကြည့်တာပေါ့နော် ခွဲစိတ်ကုသသင့်ရင်လည်းကုရမယ် 
အစားထိုးကုသရင် လည်းကုရမယ်ပေါ့
အခြေအနေတွေစစ်ဆေးလိုက်တော့ အစားထိုးကုသဖို့ အထိအခြေအနေက
မဆိုးသေးပါဘူး ဟိုခွဲဒီခွဲပြုပြင်လိုက်ရင်ရတာပဲဆိုပြီး

ဆေးရုံအုပ်ကြီးဆီ လူနာရဲ့အခြေအနေကိုသတင်းပို့ လိုက်တော့ ဆေးရုံအုပ်ကြီးက အရင်ဆုံး 
ခွဲခန်းထဲမပို့ ခင်ကတည်းက လူနာအခြေအနေကိုကြိုသိပြီးသွားပြီးလေ
( ဆေးရုံအုပ်ကြီး ပြောလိုက်တာကတော့ သူမှတ်ညဏ်တွေ ဘယ်ကောင်းမလည်းတဲ့ 
လွတ်နေတာကိုတဲ့ ) ဟီး ဟီး

ဒါနဲ့ လာထားဆိုပြီး ကလော်လိုက်လိုက်တာ လူနာရဲ့အခြေအနေတွေ ပုံမှန်အတိုင်းပြန်

 ဖြစ်သွားပါတယ် (SD card)းးးးးးးးးးးးးးးး ဘာရယ်မဟုတ်ပါဘူး 
လူတိုင်းလူတိုင်း တစ်ခါတစ်လေတော့ သတိလက်လွတ်ဖြစ်တတ်တယ်ဆိုတဲ့
သဘောတရားကို စိတ်ကူးပေါက်လို့  ရေးလိုက်တားးးးကဲ မိုလ်ဘိုင်းဖုန်းညီအကိုတို့ ရေ 
ဒီနေ့ အကိုရဲ့လက်တွေ့ Home key Jumper way လေးကို ပုံနှင့်တကွသေချာရိုက်ပြီး
တင်ပေးလိုက်တယ်နော်းးးးးးးးးအားလုံးပဲ အဆင်ပြေကြပါစေ

ကိုဇော်
မိုလ်ဘိုင်းဖုန်း ညီအကိုများ