Saturday, August 6, 2016

MTK Developer Tools


ရော့ရော့ ဒါလေးဆောင်ထားပါ သုံးရလွယ်ကူတယ်
Boot - recover - system ဖြည်ချမလား ပြန်ပေါင်းမပါလား
Ye Htut Naung
♦♦♦♦♦

Meizu Passcode remove


1st Firmware update လုပ် ပီးတာနဲ့စက်မဖွင့်ပဲထပ်ပြီး
Firmware Update + Clear data ရောလုပ်
Firmware ပါပေးခဲ့တယ် ခွိ
ဒါက M2 Note
 Credit : Ye Lin Aung

♦♦♦♦♦

Power Ic ကောင်း/မကောင်းကို အကြမ်းဖျင်းစစ်မယ်



Power Ic ကောင်း/မကောင်းကို ဒီ Volt ထွက်လေးတွေ တိုင်းပြီး အကြမ်းဖျဉ်း စစ်လို့ရတယ်
U Zaw Win Htut
♦♦♦
မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

Friday, August 5, 2016

Mediatek Device အများစုမှာဖြစ်တတ်တဲ့ Firmware ရေးပြီး LCD ဖွေးသွားတာကို ဖြေရှင်းကြမယ်




ဒီနည်းလမ်းကိုတော့ MTK Device အကုန်လုံးနီးနီးမှာသုံးလို့ရပါတယ်။ ဒီဟာနဲ့ Fix လုပ်တော့မယ်ဆိုရင် 
တင်မယ့် Firmware လေးကို အရင်ဆွဲထားလိုက်ပါဦး။
ဒီပြသနာကြုံလာရရင် အများစုက
၁။ အကောင်းတစ်လုံးက Readback ထုတ်ပြီး ပြန်ရေးတာ
၂။ ကိုက်တဲ့ Firmware ကို ပိုက်ပိုက်ပေးပြီး လိုက်ဝယ်တာ
၃။ LCD လဲကြည့်ပြီးတော့ ဖြေရှင်းတာ မျိုးကိုပဲ လုပ်တတ်ကြပါတယ်။
ဒီပြသနာက ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်လိုက်တော့ Linux Kernel က LCD Driver 
မကိုက်တာကြောင့်လို့ဆိုပါတယ်။ Kernel လား MTK ဖုန်းတွေမှာ uboot ပေါ့ဗျာ။ တစ်ခါတစ်လေမှာလည်း 
driver ရှိပါလျက်နဲ့ အဲဒီ Driver ကို load လုပ်မယ့် configuration ဖိုင်တွေဒုက္ခပေးတာကြောင့်လည်း 
ဒီပြသနာ ပေါ်ရပါတယ်။
ဒီ Post ကိုမရေးခင် Internet မှာလျှောက်ရှာကြည့်တော့ တိကျတဲ့နည်းလမ်း မတွေ့ဘူးဗျ။ 
ကျွန်တော်လည်း စဉ်းစားရင်း စဉ်းစားရင်း ဒီနည်းလမ်းကိုတွေ့သွားတာ။ ဆရာသမားတချို့က လုပ်လို့ရတယ်လို့ 
ဆိုကြပေမယ့် ဘယ်လို လုပ်သလဲလို့ မေးလိုက်ရင်တော့ မြန်မာနည်းပညာသမားပီသစွာနဲ့ မပြောကြဘူးဗျား။ 
ဒီတော့ ဒီထက်ကောင်းတဲ့နည်းလမ်းရှိရင် ရှိပါလိမ့်မယ်။ ကျွန်တော်တော့မသိဘူး။ ဒီနည်းလမ်းကတော့ 
ကျွန်တော်ကိုယ်တိုင် စမ်းလုပ်ကြည့်လို့ OK နေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ဒီနည်းလမ်းကတော့ Firmware အပြင် ဘာမှမလိုပါဘူး။ Box လည်းသုံးစရာမလိုပါဘူး။ စဉ်းစားတတ်တဲ့ 
စိတ်လေးနည်းနည်းနဲ့ အပင်ပန်းခံနိုင်ဖို့ပဲလိုပါတယ်။ လိုအပ်ရင်တော့ bootloader unlock လုပ်ထားပါ။ 
မလုပ်ထားရင် Power သေတတ်တယ်။
ပြီးရင်စမယ်။
၁။ Firmware မရေးခင်မှာ Phone ကို Readback ထုတ်ပြီး Backup အရင်လုပ်ပေးလိုက်ပါ။ 
ဖုန်းပွင့်သေးတဲ့ အနေအထားမှာ Root ရှိခဲ့မယ်ဆိုရင် MTKDroidTools နဲ့ Backup လုပ်နိုင်ပါတယ်။
တကယ်လို့ Root မရှိရင်လည်း SP FlashTool ကို သုံးပြီးတော့ Read Back ထုတ်နိုင်ပါတယ်။ 
အဲတော့ မေးကြတော့မယ်ထင်တယ် ခင်ဗျားဗျာ။ Phone မပွင့်လို့ ScatterFile ထုတ်လို့မရတာကို 
ဘယ်လို Readback ထုတ် မတုန်း။ စောစောက Firmware ဆွဲထားတယ်လေ။ အဲဒီအထဲက ScatterFile ယူပေါ့။ 
Readback လုပ်မယ်ဆိုရင် Full Readback ဖြစ်ဖို့လိုပါတယ်။
၂။ Full Readback လုပ်ဖို့အတွက် Scatter File ကို Notepad ++ နဲ့ဖွင့်ပြီးတော့ file_name: NONE ဖြစ်နေတဲ့
နေရာတိုင်းမှာ ကိုယ်ကြိုက်တဲ့နာမည်တစ်ခုခုထည့်ရေးပေးပါ။ ပြီးရင် is_download မှာ false ကို true ပြောင်းပြီး 
Save မှတ် OK။ ဒါပေမယ့် userdata အောက်က partition တွေကိုတော့ readback မှာယူဖို့မလိုဘူးဗျား။ 
ယူချင်ယူမယူချင်နေ။ OK။ ခင်ဗျားဗျာ မကောင်းတဲ့ ဖုန်းက Firmware ကို ဘာလုပ်ဖို့တုန်း၊ Power မလာဘူး။ 
Virus တွေနဲ့ Wifi မရတာနဲ့။ ဘာလုပ်ဖို့ Readback လုပ်ခိုင်းသလဲဆို လာပါလိမ့်မယ်။
၃။ အဲဒီလို Read back လုပ်ပြီးရင်တော့ ရလာတဲ့ Firmware ကို သေချာသိမ်းထား။ ပြီး အသစ်ဆွဲထားတဲ့ 
Firmware ကိုပြန်တင်ကြည့်ပေါ့ဗျ။ ဘာမှပြသနာမရှိဘူး။ အားလုံး OK တယ်ဆိုရင် ဘာမှ လုပ်ဖို့မလိုတော့ဘူး။ ပြီးပြီ။
၎။ ဟီး Firmware လည်းတင်လိုက်ရော ငါ့ Screen ကြီးဖွေးသွားပါလား။ အနက်ရောင်လေးဖြစ်သွားပါလား၊ 
အရောင်စုံတွေပေါ်လာပါလား။ အသံမထွက်တော့ပါလား။ စသဖြင့် လားတွေများလာပြီဆိုရင် ဖြေရှင်းဖို့
လိုအပ်လာမှာဖြစ်ပါတယ်။
၅။ ဒီတော့ Read back ထုတ်ထားတဲ့ Firmware နဲ့ Download လုပ်ထားတဲ့ Firmware နှစ်ခုလုံးရဲ့ Folder တွေကို ဖွင့်ဗျာ။ 
မှားမယ်ဗျနော။ သတိထား။ ပြီးရင် Download ဆွဲထားတဲ့ Firmware Folder ထဲက system.img ရယ် boot.img ရယ်၊ 
recovery.img ရယ်ကို (လိုအပ်မှပါ မလိုအပ်ရင် system.img တစ်ဖိုင်တည်းနဲ့ ရတယ်) Readback လုပ်ထားတဲ့ 
Firmware ထဲကိုထည့်လိုက်။ မထည့်ခင် Readback လုပ်ထားတဲ့ Firmware ကို Copy တစ်ခုပွားထား။ 
လိုလိုမယ်မယ်။ file ရှိပြီးသားလို့ Prompt ပေးလာရင် Overwrite လုပ်လိုက်ပေါ့။ တကယ်လို့ Readback လုပ်ထားတဲ့ 
Firmware က ပါဝါမတက်တဲ့ ဖုန်းကယူထားတာဆိုရင် preloader.bin ကိုပဲထည့်ကူးလိုက်။ ပြီးရင် ရလာတဲ့ စုပေါင်းစပ်ပေါင်း 
Firmware လေးကို SP Flash Tool နဲ့ ပြန်ရေးပေါ့။ ပြန်ရေးတဲ့အခါ Read back ထုတ်ထားတဲ့ Firmware မှာပေါက်ကရ 
နာမည်တွေပေးထားခဲ့ရင် သတိထားဗျာ။ ဖိုင်စုံပါအောင်သတိထားပြီး ပြန်ရေးပါ။
၆။ ဒီတစ်ခါ OK လားကြည့်။ OK တယ်ဆိုရင်တော့ ပြီးပြီပေါ့။ မအိုကေဘူးဆိုရင် Download and Format တို့ ဘာတို့နဲ့
 ပြန်ရေးကြည့် ရရင် ရသွားလိမ့်မယ်။ မရရင်တော့ တိုင်ပတ်ပြီဗျို့ နားကားဖို့သာ ပြင်ထား။ System.img ကိုခွဲရတော့မယ်။ ခ်ခ်။ 
ဒီအဆင့်က အခြေခံသမားတွေအတွက် တော်တော်လက်ဝင်ပါတယ်။ သတိထားပြီးလုပ်နော။
၇။ အောက်ကအဆင့်တွေကို ဆက်လုပ်နိုင်ဖို့အတွက် MTK_Extractor ဆိုတဲ့ Tool လေးလိုတယ်ဗျား။ 
ဒီကနေ Download ဆွဲလိုက်။
Tool ရလာပြီဆိုရင် အဲဒါကိုဖွင့်။ ပြီးရင် system.img ဆိုတဲ့ tab ကိုသွား။ အရင်ဆုံး Readback လုပ်ထားခဲ့တဲ့ 
Firmware က system.img ဖိုင်လေးကို ခွဲမှာဖြစ်တဲ့အတွက် အဲဒီ Firmware က system.img ဖိုင်လေးကို 
Browse မှာတစ်ချက်နှိပ်ပြီးတော့ ရွေးပေး (Download လုပ်ထားတဲ့ Firmware ကမဟုတ်ဘူးနော်)။ ရွေးပြီးရင် 
Start ကို နှိပ်ပေးလိုက်တော့။ MTK_Extractor ဆိုတဲ့ Folder ထဲမှာ system ဆိုတဲ့ Folder လေးတစ်ခုရောက်နေလိမ့်မယ်။ 
အဲဒီ Folder ထဲက ဖိုင်တစ်ချို့ကို Copy ကူးယူပေးထားရပါမယ်။ ယူရမယ့်ဖိုင်တွေကတော့
- /system/bin
* pq
* vold
- /system/xbin
* libmnlp
* mnld
- /system/lib
* ပါတဲ့ဖိုင် အကုန်ကူးဗျာ။
* libsurfaceflinger.so (ဒီဖိုင်မကိုက်ရင် Touch အလုပ်လုပ်ပေမယ့် Screen မှာ မည်းမည်းကြီးပဲ မြင်ရမယ် 
BlackScreen, White Screen ဖြစ်တာ ဒီဖိုင်ကြောင့်)
- /system/etc
* apns.conf.xml
* vold.fstab (ဒီဖိုင်နဲ့ အောက်ကဖိုင် ပြသနာတက်ရင် Internal Storage 0 Byte ဖြစ်မယ်)
* vold.fstab.nand
- /system/lib/hw/
* ပါသမျှသာကူး
- /system/lib/modules/
* ပါသမျှကူး
- /system/etc/firmware/
* ပါတဲ့ဖိုင်အကုန်ကူးဗျာ
- /system/etc/permissions
* ပါတဲ့ဖိုင် အကုန်ကူးဗျာ
- /system/usr/keylayout
* Generic.kl (ဒီဖိုင်လွဲရင် Power ခလုတ်တို့ Back Key, Home Key စတာတွေ အလုပ်လုပ်မှာမဟုတ်ဘူး)
- /system/usr
* အဲဒီထဲက srec folder တစ်ခုလုံးကူး။
- /system/framework
* ပါတဲ့ဖိုင်အကုန်ကူးဗျာ။
- /system/etc/wif/
* ပါသမျှကူး
- /system/vendor/
* ပါသမျှကူး
ကူးတဲ့အခါမှာ ဘယ်လမ်းကြောင်းက ကူးသလဲဆိုတာကိုပါ မှတ်ထားပေးပါ။ ပြီးရင် ပြသနာတက်နေတဲ့ Download ဆွဲထားတဲ့ 
Firmware က system.img ကိုပါ အပေါ်ကအဆင့်တွေအတိုင်းခွဲ။ ခွဲပြီးရင် စောစောက ကူးထားတဲ့ ဖိုင်တွေကို ကူးထားတဲ့
လမ်းကြောင်းအတိုင်းပဲ အသစ်ခွဲထားတဲ့ system folder ထဲ ပြန်ထည့်ပေးလိုက်ပေါ့။ မမှားစေနဲ့။ မှားရင် ရမှာမဟုတ်ဘူး။ 
ကူးထားသမျှ အကုန်ထည့်ပြီးသွားပြီဆိုရင်တော့ ထည့်ထားတဲ့ system folder ကို system.img ပြန်ပြောင်းပေးရမယ်။ 
ဒီအတွက် MTK_Extractors ကနေပြီးတော့ Make system.img ဆိုတဲ့ Tab ကိုရွေး။ Browser မှာနှိပ်ပြီးတော့ လုပ်ထားတဲ့ 
system folder လေးကို ရွေးပေး ပြီးရင် Start နှိပ်ပေးပေါ့။ system.img ခွဲတာကတော့ ဒါနဲ့ ခွဲမှ မဟုတ်ပါဘူး။ 
cygwin နဲ့လည်း ခွဲလို့ရတယ်။ လုပ်တတ်သလိုသာ လုပ်ကြ ဗျား။
၈။ ပြန်ပေါင်းပြီးရင်တော့ ခုနက စုပေါင်းစပ်ပေါင်းဖြစ်နေတဲ့ Firmware မှာ ခုအသစ်လုပ်ထားတဲ့ system.img ဖိုင်လေး
သွားထည့်လိုက်။ ပြီးရင် ပြန် flash လုပ်ကြည့်လိုက်ပါ။ OK သွားတာကို တွေ့ရပါ လိမ့်မယ်။ မ OK သေးဘူးလား။ 
အဲဒါဆိုလည်း လွှင့်သာပစ်လိုက်ပါတော့ဗျာ။ အဲဒါ စုတ်နေလို့။ ခ်ခ်
အဆင်ပြေကြပါစေ။ လုပ်လို့မရတဲ့ အပိုင်းတွေကို မေးနိုင်ပါတယ်။ ဒါပေမယ့် Internet မှာရှာရင် ပေါသောချင်းသောဖြစ်နေတဲ့ 
Firmware ဘယ်လိုရေးရမလဲဆိုတာတွေရယ် Readback ဘယ်လိုထုတ် ရမလဲဆိုတာတွေရယ်၊ မမေးခင် Internet မှာ 
အရင်ရှာကြပါဗျာ။ မရမှ လာမေးကြပါ။ ကျွန်တော်လည်း အားတာမဟုတ်လို့ပါ။ (ကိုယ့်အားကိုယ်ကိုး စိတ်လည်း န
ည်းနည်းမွေးကြပါဗျာ။ အဲဒါက bro တို့ကိုပိုအထောက်အကူပေးလိမ့်မယ်)

Credit : Telecom Technology 


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ



Thursday, August 4, 2016

imei command ဖြင့် ရေးနည်း



imei command ဖြင့် ရေးနည်းလေးပါ။ဒီနည်း က ဘယ် CPU ကို မဆို imei ရေးသားနိုင်ပါတယ်။

imei command line ရေးနည်း။
၁) imei tool ကိုဖွင့်ပြီး tool ထဲက နေရာတွင် shift ဖိပြီး Right Click နိပ်ပြီး
Open Command window here ကို နိပ်ပါ။

၂)Cmd box ပေါ်လာလျှင်..မိမိရေးလိုသော imei ကို
imei.exe 123456789111111 123456789111111 ပုံစံအတိုင်းရိုက်ပြီး
Enter ခေါက်လိုက်ပါ။ 
imei ဖိုင်တစ်ခု imei tool ထဲတွင် MP0B_001_NEW ဖိုင်တစ်ခုကျလာပါမည်။ 
နောက်က NEW ကို ဖျက်ပြီး MP0B_001 ဖိုင်ကို ယူပြီး sd card ထဲထည့်ပြီး ဖုန်းထဲထည့်ပါ။

၃)ဖုန်းကို Root ဖောက်ပြီး root explorer apk ထည့်သွင်းထားပါ။
၎)ဖုန်းတွင် ထည့်သွင်းထားသော root explorer apk ကိုဖွင့် sd card ထဲထည့်
ခဲ့သော MP0B_001 ကို copy ယူပြီး ၄င်း root explorer apk ထဲကနေ ဖုန်း
momery ထဲဝင် system ရဲ့ R/W R/O ပြောင်းထားပါ။
ထို့နောက်../data/nvram/md/NVRAM/NVD_IMEI/MP0B_001 ၄င်း
ဖိုင်လမ်းကြောင်းအတိုင်း ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot ချပါ။

*#06# ဖြင့် imei စစ်ကြည့်ပါ။ 
သင်ရေးထည့်ထားတဲ့ imei ဖြစ်နေပါမည်။
imei command line ရေးနည်း။
Credit: SONIC


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ


Huawei Network Unlock ALL In One Click Tools


မသတ်မရပ်နဲ. အလောတကြီးတင်ပေးလိုက်ပါသည်
Huawei Network Unlock ALL In One Click Tools
ဟာဝေး ၁၅လုံးတော. ပါသည်
နောက်လာမည်. version တွင် နောက်ထွက်သည်.
ဖုန်းမော်ဒယ်အကုန်ပါအောင်ပြန်တင်ပေးပါ.မယ်လို..
ကျေးဇူးအထူးတင်ပါတယ် ဆရာ ငမြှာသား ခင်ဗျာ
ကြိုတော. ပြောထားမည် Custom recovery တင်ထားသည်.သူများ
Stoke recovery ပြန်ချိန်းပြီးမှ တင်ရင်ပိုပြီး error ကင်းပါတယ်


Credit : Myo Koko Zaw
==============


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif

Wednesday, August 3, 2016

Mic အကြောင်း အပြ ည့်အစုံ 4pin Digital Mic မှ 2Pin Mic ပြောင်းနည်း

circuit board ပြားပေါ်က mic နေရာမှာတိုင်းတာကြည့်ရင်
ရိုးရိုးmic ဆိုရင် တစ်ခုက connection ပြမယ် တစ်ခုက
Gnd ကျနေမယ် အဲ့လိုဆို တစ်ခုက mic + လမ်းကြောင်း ,
Gnd ကျနေတဲ့တစ်ခုက Mic- လမ်းကြောင်းပေါ့
အဲ့လို မဟုတ်လား -ဟုတ်ပါတယ် .. အဲ့လိုပါ ဆိုရင်တော့
 အောက်က စာကို နဲနဲလေး ဆက်ဖတ်ကြည့်ပါ

🇹🇼connection ပြနေတဲ့လမ်းကြောင်းက Mic+ လမ်းကြောင်းတော့ 
ဟုတ်တယ် Gnd ကျနေတဲ့ ငုတ်က Mic – လမ်းကြောင်း မဟုတ်ဘူးဗျ 
အဲ့ငုတ်က ကိုယ်တပ်မယ့် mic အလုပ်လုပ်ဖို့ အတွက် Gnd ချပေးထားတာ 
pm ic သို့မဟုတ် CPU ထဲကို Audio Frequency ပို့ပေးမယ့် လမ်းကြောင်း 
မဟုတ်ပါဘူး Mic negative လမ်းကြောင်းကို ခဏမေ့ထားပြီး Mic 
အလုပ်လုပ်ပုံအကြောင်းကို ကြည့်ကြည့်ရအောင်…
1. Mic-BIAS
2.Mic +(positive)
3.Mic-(negative)
🇹🇼#Mic_BIAS ဆိုတာ CPU ဒါမှမဟုတ် Power ic ကနေပြီးတော့ 
Mic အသုံးပြုမယ့် အချိန်ကျမှ Mic အလုပ်လုပ်ဖို့ရာ အတွက်
Mic ကိုVolt ထုတ်ပေးတဲ့ လမ်းကြောင်းပါလို့ အကြမ်းဖျဉ်း
သိထားရပါမယ် ဖုန်းရဲ့ touch screen ကနေပြီးတော့
ကိုယ်ဘာနှိပ်လိုက်သလဲ ဘာခိုင်းလိုက်သလဲဆိုတာ
Touch နဲ့ဆိုင်တဲ့ SCL , SDA လမ်းကြောင်းတွေကတဆင့် CPU က 
သိတယ် သီချင်းဖွင့်လိုက်တယ်ဆိုရင် ကိုယ်ဖွင့်လိုက်တဲ့
သီချင်းနဲ့ သက်ဆိုင်တဲ့ Audio Data ကို CPU ကနေ Audio Amp ကို
ပို့ပေးမယ် ဖုန်းခေါ်လိုက်တယ်ဆိုရင် Rf ic ကို TX လှိုင်းလွှင့်ထုတ်ခိုင်းမယ်
.. အဲ့လိုပဲ ဖုန်းခေါ်လိုက်တယ် 
recording လုပ်လိုက်တယ်ဆိုတာနဲ့ Mic အလုပ်လုပ်ဖို့ရာ အတွက်
လိုအပ်တဲ့ Voltage ကိုလဲ ထုတ်ပေးလိုက်တယ် Mic ကို အမြဲတမ်းကြီး
Volt ရောက်မနေဘူး ဖုန်းခေါ်တဲ့ အချိန် , recording လုပ်တဲ့ အချိန်မှာပဲ
Mic ကို volt ရောက်ပါတယ် 
အဲ့ဒီ့ volt ကို Mic-BIAS လမ်းကြောင်းကနေပေးပါတယ်

🇹🇼Mic+(positive) , Mic(negative) ဆိုတာ ခုနက BIAS
လမ်းကြောင်းကနေ ohm တန်ဖိုးရှိတဲ့ Resistor နှစ်လုံးခံပြီး
Mic ဆံကို Volt ပေးလိုက်တော့ Mic စပြီး အလုပ်လုပ်ပြီပေါ့
Micအလုပ်က ဘာလဲ ဘေးနားက အသံတွေကို ဖမ်းယူပေးတဲ့
အလုပ်ကို လုပ်တယ် အဲ့ဒီ့ ဖမ်းယူရရှိတဲ့ Audio Frequency တွေကို
Mic + လမ်းကြောင်း နဲ့ Mic – လမ်းကြောင်းကနေတဆင့် CPU Ic
ထဲကို Coupling Capacitor တစ်လုံးစီခံပြီး ပို့ဆောင်ပေးတယ်
Coupling ဘာလို့ခံထားရလဲဆိုတာတော့ မပြောတော့ပါဘူးနော်
Child play တွေမဟုတ်လား 😂😂😂

🇹🇼အောက်ကပုံကို ကြည့်မယ်ဆိုရင် Mic+ , Mic -လမ်းကြောင်းကို 
အရင် မကြည့်ပါနဲ့ ဖုန်းခေါ် Recording လုပ်ပြီဆို BIAS လမ်းကြောင်းကနေ 
Mic အလုပ်လုပ်ဖို့ Volt ကို R နှစ်လုံးခံပြီး Mic ဆံကို Volt ပေးမယ် Mic 
အလုပ်လုပ်ရင် ဘေးက အသံတွေဖမ်းမယ် ရလာတဲ့ အသံတွေကို Mic + နဲ့
 – လမ်းကြောင်းကနေ Cpu ကို ပို့မယ် မရှင်းဘူးလား

🇹🇼အလုပ်လုပ်ပုံတော့ သိပါပြီ Mic မရရင် ဘယ်လိုပြင်ရမလဲ Mic မရတဲ့
 ပြစ်ချက်ရဲ့ 50% က Mic ဆံပျက်တာ 30%က BIAS Voltage မထွက်တာ 
10%က Mic +, – လမ်းကြောင်းပျက်တာ , ကျန်တဲ့ 10% က သူငယ်နာ
 ပြန်သာပေးလိုက် ပြင်မနေနဲ့ 😜😜😜

သီအိုရီ ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက် နားလည်ထားလဲ 
ဆိုတဲ့အချက်ပေါ် အများကြီး မူတည်ပါတယ် အောင်မြင်ကြပါစေ ခင်ဗျ


မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ

  Mounting created Bloggif