Jumper ကြာခဲ့ပါပြီ.. မှတ်မှတ်ရရ note2 clone sim ကဒ်မဖတ်တာလေး
vcc volt ပျောက်နေလို့ sensor နားက volt ကိုဆွဲယူပြီး ကျွေးကြည့်ပါတယ်
sim တော့ ဖတ်သွားတယ် ဒါပေမယ့် logo မှာအကြာကြီးလည်နေတယ်
volt ဆွဲကျွေးထားတဲ့ ကြိုးလဲ ဖြုတ်လိုက်ရော ပုံမှန်အတိုင်းပဲ logo မှာ
ကြာမနေတော့ဘူး အဲ့ဒါနဲ့ နောက်တစ်ခါ touch socket နားက
volt ယူကျွေးကြည့်တယ် sim card ဖတ်ပေမယ့် touch မရတော့ဘူးခင်ဗျ
ကြိုးပြန်ဖြုတ်ပေမယ့်လဲ touch ကဆွဲမရတော့ဘူး ပုံမှန်ဆို power ic နားက
output 2.8 ကနေ ဆွဲယူကျွေးသင့်ပေမယ့် သံဖုံးအသေတွေ ဖြုတ်ရမှာ
ပျင်းတဲ့အတွက် ရော်လိုက်ရကြောင်းပါ
♦️ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက ခု post တွေ အတော်များများမှာ
တွေ့နေရပါတယ် ဘယ်ကနေ jumper ကျွေးလိုက်တာ
ဘယ်လမ်းကြောင်းကနေ volt ဆွဲကျွေးလိုက်တာ စသည်ဖြင့်ပေါ့
jumper ကြိုးကျော်တယ်ဆိုတာ ကိုယ်ပြင်လိုက်တဲ့ ဖုန်းတစ်လုံး
ရေရှည်ကောင်းမွန်ဖို့အတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းတစ်ခုရော
ဟုတ်ရဲ့လား…ပတ်လမ်းကြောင်းတစ်ခု ပြတ်တောက်သွားလို့
ကြိုးကျော်ခြင်းကိုတော့ မဆိုလိုပါဘူး ခင်ဗျ ..
ဥပမာ Dc to Dc converter တွေ ပျက်တဲ့အခါ VPH volt အဝင်ကနေ
dropped components တစ်ခုသုံး volt လျှော့ပြီး သက်ဆိုင်ရာ Ic အဝင်ကို
ကြိုးဆက်ကြတယ် ဘာလို့ Dc to Dc Converter က ထည့်ထားတာလဲ
ဘယ်နေရာမှာ လိုအပ်လို့လဲ
♦️ဟုတ်ကဲ့ပါ.. Dc to Dc ဆိုတာ volt လျှော့ပေးရုံသက်သက်မဟုတ်ပဲ
(တချို့ model တွေမှာ volt လျှော့မပေးပါဘူး )အရမ်းလိုအပ်လွန်းလို့
ထည့်ထားတာပါ ဥပမာ camera အတွက် Dc to Dc တစ်လုံးကိုပဲ ကြည့်ပါ
ပုံမှန် ဖုန်းအသုံးပြုနေချိန် camera application icon ကို tap မနှိပ်သေးသရွေ့ camera ကို အသုံးမပြုသေးသရွေ့ camera အလုပ်လုပ်ဖို့အတွက်
voltage ကို Dc to Dc က ထုတ်မပေးပါဘူး Camera ကို အသုံးပြုပြီဆိုမှ
CPU ic မှတဆင့် အာရုံခံပြီး Dc to Dc ရဲ့ On ငုတ်ကို လှမ်းဖွင့်ပေးမှသာလျှင်
camera အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ voltage ကို Vph power မှတဆင့်
Dc to Dc ic မှ dropped လုပ်ပြီး ထုတ်ပေးပါတယ် အမြဲတမ်းကြီး
Volt ရောက်မနေပါဘူး
♦️huawei c8813 ရဲ့ network ပိုင်းက PA Ic ကို လေ့လာကြည့်မယ်ဆိုရင်
ဖုန်းလိုင်းသိပ်မမိတဲ့နေရာမှာ PA Ic က အပြည့်အဝ အလုပ်လုပ်ပါ ,
ဖုန်းလိုင်းမိနေတဲ့နေရာမှာ PA Ic အနားယူပါ အစရှိတဲ့ command တွေကို
CPU , RF , U6302 ic တွေကနေတဆင့် Logic control 3 လိုင်းနဲ့
ထိန်းချုပ်ထားတာပါ …… မထိန်းချုပ်ဘူး PA Ic က အမြဲအလုပ်လုပ်နေရင်ရော
ဘာဖြစ်မလဲ ? Coolpad 5108, 5109 model တွေကိုလေ့လာကြည့်ပါ
C8813 လိုမျိုး PA Ic ကို အနားပေးတဲ့ စနစ်ပါမလာတော့ တခုခုဆို
PA Ic အတော် အပျက်များပါတယ် လိုင်းမတတ်လဲ PA ပဲ , power မလာ
shock ကျလဲ PA Ic ပဲ ပြင်ဖူးတဲ့ ဆရာတွေ သိမှာပါ
♦️အခုလို Dc to Dc တွေပျက်တာကို အစားမထိုးပဲ ကြိုးကျော်သုံးနေရင်
ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပေါ့ဗျာ …
U Zaw Win Htut
https://zawmobilephonetraining.wordpress.com/
မိုလ်ဘိုင်းဖုန်းညီအစ်ကိုများ
0 comments:
Post a Comment