– Root ရှိရမည်။
– busybox install ပြုလုပ်ထားရမည်
— command —
adb shell
$ su
# cd /system/app
# ls -la
အထက်ပါ command ရိုက်၍ modified date များအားစစ်ဆေးပါ။ system app များနှင့် modified date မတူညီသော apk ဖိုင်များသည် virus မှ သွင်းထားသော apk များဖြစ်နိုင်သည်။ ၄င်းဖိုင်များအားဖျက်ရန် စာရင်းဦးစွာလုပ်ပါ။ cmd box အတွင်းမှ modified date လွဲနေသာ ဖိုင်များအားသီးသန့်ရွေးထုတ်ရန် grep command အသုံးပြုရမည်။
# ls -la | grep 2016 (2016 date ဖြင့် modified လုပ်ထားသောဖိုင်များသီးသန့်ဖေါ်ပြမည်ဖြစ်သည်)
grep အသုံးပြု၍ list ဖေါ်ထားသောဖိုင်name များအား mark လုပ်၍ copy လုပ်ပါ။ mark လုပ်ရာတွင် ဖိုင် name များ၏ ရှေ့ရှိ space နေရာကိုပါ mark လုပ်၍ ကူးယူပါ။ Notepad++ တွင် new page ဖွင့်၍ paste လုပ်ပါ။
Find > Replace > Find What တွင် space ရိုက်ပါ။ Replace with တွင် rm သို့မဟုတ် rm -f သို့မဟုတ် rm -r ထည့်ပါ။ Replace All နှိပ်ပါ။
Notepad++ ရှိစာများအားလုံးကို copy လုပ်၍ cmd box တွင် paste လုပ်ပါ။ paste လုပ်လိုက်သည်နှင့် command ရိုက်သကဲ့သို့ အလုပ်လုပ်သွားမည်။
/system/app အောက်ရှိဖိုင်များကိုဖျက်သည့် အခါ read only file system ဟု ပြပါက
mount -o remount,rw /system
busybox chattr -iaA /system/app/*
ဟုရိုက်၍ ဖိုင်များအားထပ်မံဖျက်ပါ။
virus apk များသည် data/app အောက်တွင်လည်းရှိတတ်သည်။
rm /data/app/*
ဟု command သုံး၍ data/app အောက်ရှိဖိုင်များဖျက်ပါ။ Read only or rm fail ဖြစ်ပါက
mount -o remount,rw /data/
busybox chattr -iaA /data/app/*
ဟု command ရိုက်၍ ထပ်မံဖျက်ပါ။
/system/xbin အောက်ရှိဖိုင်များကိုလည်း အထက်ပါ နည်းများအတိုင်း ဖျက်ပါ။
/system/install-recovery.sh တွေ့ပါက ဖျက်ပါ။

Credit : https://kaungmyatlinnblog.wordpress.com/