Bootloader Unlock ပြုလုပ်လိုသောဖုန်းသည် Lock ဟုတ်မဟုတ် စစ်ဆေးပါ။ ဖုန်းအား fastboot mode သို့ဝင်ပေးပါ။ Power ပိတ်ပြီး vol down + power နှိပ်၍ ဖြစ်စေ ၊ Restart လုပ်၍ ဖုန်းပိတ်သွားစဉ် vol down ဖိထားခြင်းဖြင့်ဖြစ်စေ၊  ” adb reboot bootloader ” command သုံး၍ဖြစ်စေ ၊ vol down နှိပ်ထား၍ ကွန်ပျူတာဖြင့် ချိတ်ခြင်းဖြင့်ဖြစ်စေ fastboot mode ၀င်နိုင်သည်။
fastboot mode ရောက်သွားပါက မော်ဒယ်အနိမ့်ဖုန်းများတွင် Huawei Logo တွင် လည်းကောင်း မော်ဒယ် အသစ်များတွင် Fastboot & Rescue mode ဟူ၍ လည်းကောင်းတွေ့နိုင်သည်။ device manager တွင် Android Phone > Android Sooner Single adb interface (0r) Android Bootloader Interface စသဖြင့် driver သိမသိစစ်ဆေးနိုင်သည်။ driver မသိသေးပါက Huawei Driver သွင်းပေးရန် လိုအပ်သည်။
Fastboot & Rescure Mode တွင် Phone is locked ဟုပြလျှင် Bootloader Lock ဖြစ်ပြီး Phone Unlocked ဆို unlock ပြုလုပ်ပြီးဖြစ်သည်။ Fastboot mode တွင် Huawei Logo သာပေါ်နေသော device များတွင် ” fastboot oem get-bootinfo ” command သုံး၍ lock status စစ်နိုင်သည်။ အချို့ Honor 4x များတွင် unlocked ဟုပြသော်လည်း fastboot မှ flash ပြုလုပ်သည့် အခါ fail ဖြစ်တတ်သည်။ ထိုကဲ့သို့ကြုံတွေ့ပါက unlock ထပ်မံပြုလုပ်ရမည်ဖြစ်သည်။
bootloader unlock code တောင်းရန် Model , IMEI , S/N(Serial Number) , Product id လိုအပ်သည်။
*#*#24846579#*#* > Veneer Informations > Other Query (or) Other info တွင် IMEI , S/N တို့ကို မှတ်သားပါ။
*#*#1357946#*#* ကို နှိပ်၍ Product id ကို မှတ်သားပါ။
Browser တွင် http://www.facebook.com ကိုဖွင့်၍ account login ၀င်ထားပါ။
http://www.emui.com ကိုဖွင့်ပါ > Download ကို နှိပ်ပါ > Unlock Bootloader ကို နှိပ်ပါ။ ၊ account တောင်းရင် login with facebook  ကိုရွေးပါ။ Continue as ကိုနှိပ်ပါ။ Create Nick Name ဟုတောင်းပါက တရုတ်စာဖြင့် နာမည်တစ်ခု ပေးရန် translate.google.com ကိုသွားပါ။ မူရင်းစာရေးထည့်ရမည့် အကွက်တွင် Nick Name တစ်ခုခုပေးပါ ဥပမာ ( Apple Orange Candy) ၊ Translate အကွက်တွင် Chinese (Simplified) ကိုရွေးပါ။ တရုတ်စာဖြင့် Nick Name ရမည်၊ ၄င်းစာများအား copy ယူ၍ Create Nick Name တောင်းသော အကွက်တွင် ထည့်ပေး၍ Create လုပ်ပါ။
translate
Account တည်ဆောက်ပြီးပါက
ကိုဖွင့်ပါ။ Unlocking Agreement တွင် I have read and accept all terms above အားအမှန်ခြစ်ထား၍ Next ကို နှိပ်ပါ။
bootloader unlock
အထက်ပါအတိုင်းအချက်အလက်များကို ထည့်သွင်းပါ။ Submit ကို နှိပ်ပါ။ Unlock Password ကို ချက်ချင်းပြမည်ဖြစ်သည်။ ၄င်း code ၁၆ လုံးအားကူးယူ၍
” fastboot oem unlock 0123456789123456 ” ဟုရိုက်ပါ။ ( 0123456789123456 သည် unlock code နမူနာသာဖြစ်ပါသည်။မိမိရရှိသော unlock code အား ထိုနေရာတွင် အစားထိုးရန်လိုအပ်ပါသည်။ ) command ရိုက်ပြီးမှ ဖုန်းအား fastboot mode ၀င်ပေး၍ရသလို ဖုန်းအား fastboot mode ၀င်ထားပြီးမှ command ရိုက်၍လည်းရသည်။

မှတ်ချက်။ (facebook account တစ်ခုလျှင် ၆လအတွင်း unlock code နှစ်ခါသာတောင်းခွင့်ရှိသည်)


Credit : https://kaungmyatlinnblog.wordpress.com/